ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်းနှင့် ကုန်ထုတ်တံတားတည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

ကြို့ပင်ကောက် ဇန်နဝါရီ  ၃၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်းနှင့် ကုန်ထုတ်တံတား တည်ဆောက်ရေးလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ ယမန်နေ့ နံနက်ပိုင်းကကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးသိန်းနှင့် တာဝန်ရှိသူများ က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်ပျူတိုင်းသား ကုမ္ပဏီက အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသော ပျဉ်ထောင်တွင်းအုပ်စု အောင်ချမ်းသာကျေးရွာ ကျေးလက် ရေရရှိရေး လုပ်ငန်းနှင့် CES Group ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဂုမ္မကွင်းအုပ်စု ကြို့ကုန်းကျေးရွာ မြို့လယ်ချောင်းကူး ကြို့ကုန်းကုန်ထုတ်တံတားလုပ်ငန်းတို့အား ကြည့်ရှု့စစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့မှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ သက်ဆိုင်ရာကုမ္ပဏီတို့မှ တာဝန်ရှိ သူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ဒေသခံကျေးရွာဖွံ့ဖြိုးရေး ကော်မတီများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ယခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးသွားပါက ရေရှည် တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်ထိမ်းသိမ်း စောင့်ရှောက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)