မအူပင် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၂)ရပ်ကွက် ကားလမ်းဘေးရှိ DENKO ဆီအရောင်းဆိုင်တွင် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အခြေခံလုပ်ငန်းများနှင့် မီးလောင်မှု ဖြစ်ပွားပါက မီးငြှိမ်းသတ်ရန်အတွက် ပြင်ဆင်ထားရမည့် အချက်များအား အသိပညာပေးခဲ့သည်။
ထို့နောက် မီးငြှိမ်းသတ်ရန်အတွက် လက်တွေ့သရုပ်ပြရာ DENKO ဆီအရောင်းဆိုင်တာဝန်ခံ ဦးလင်းနိုင်နှင့် တာဝန်ရှိသူ များ၊ ဆီအရောင်းဆိုင်ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်ရှိ အရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၀)ခန့်က သဘာဝဘေးအန္တရာယ်နှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို သရုပ်ပြခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)