ပေါက်ခေါင်းမြို့နယ် အ.ထ.က (ကြို့ပင်ကန်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး၊ လူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(ကြို့ပင်ကန်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။