သတင်းများ

မုံရွာတက္ကသိုလ်၌ ၂၀၂၆ ခုနှစ် မိုးရာသီဝါး တစ်အုပ်တစ်မ စိုက်ပျိုးပွဲကျင်းပ
Jul 14,2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ယင်းမာပင်ခရိုင် မုံရွာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီဝါး တစ်အုပ်တစ်မ စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက မုံရွာတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသားနှင့် အမျိုးသမီး အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 14,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၅) နှစ်အောက် အမျိုးသားနှင့် အမျိုးသမီး အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မန္တလေးခရိုင်၌ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကျင်းပ
Jul 14,2026
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင်၊ အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဇူလိုင် (၁၂) ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၅) ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် သန်လျင်မြို့နယ်အားကစားကွင်းတို့တွင် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၃နာရီ၌ အင်းစိန်ခရိုင်အသင်းနှင့် မရမ်းကုန်းခရိုင်အသင်း၊ ဒဂုံမြို့သစ်ခရိုင်အသင်းနှင့် ဗိုလ်တထောင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။
ငွေဆောင်မြို့၌ မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာ သင်တန်း (၄/၂၀၂၆) ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် (၁၁း၀၀) နာရီက ငွေဆောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ Aureum Palace ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် အထူးကု ဆရာဝန်ကြီးများမှ ဒေသခံပြည်သူများအား ကွင်းဆင်းကုသပေးမည်
Jul 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လားရှိုးမြို့ ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများသည် ဒေသခံပြည်သူများအား ဇူလိုင်လ ၁၆ ရက်နေ့၌ ကွင်းဆင်း၍ အခမဲ့ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၂ ရက်နေ့ နေ့လယ် (၁:၀၀) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အတွင်းပဒံကျေးရွာ၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ကျောက်တလုံးကြီးမြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်
Jul 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။