သတင်းများ

ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့်ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 14,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျန်သနွယ်ကျေးရွာအုပ်စု၊ မြန်မာ့သစ်လုပ်ငန်း၊ နန်ချွန်သင်တန်းကျောင်းဝန်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကျိုင်းတောင်းမြို့ အ.ထ.က(တုန်ဟုန်း)ကျောင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဟောပြောပွဲဆောင်ရွက်
Jul 14,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (တုန်ဟုန်း) တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ ကျိုင်းတောင်မြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ စုပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးမြို့၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကျင်းပ
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးငွန်ဘွလ်ထန်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ပဲခူးမြို့၌ အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Jul 14,2026
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး အသိပညာပေးရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများ စုစုပေါင်း (၅၀၀) ဦးကျော် တက်ရောက်ခဲ့သည်။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၊ ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 14,2026
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၊ ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးအားကစားလေ့ကျင့်ရေးကွင်း (၁) (စက်ဘီးကွင်း) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်၌ တီဘီရောဂါရှာဖွေရေးအဖွဲ့မှ အဖျောက်မြို့သို့ နယ်လှည့်ကွင်းဆင်း ရှာဖွေကုသပေး
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါရှာဖွေရေးအဖွဲ့မှ ဒေါက်တာရဲထွဋ်ကျော် ဦးဆောင်၍ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အဖျောက်မြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာကောင်းမြတ်ထက်နှင့် နယ်မြေခံကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့က အဖျောက်မြို့ (၂) ရပ်ကွက် လောကမာန်အောင် မဟာသံတန်ဆောင်းတော် ဘုရားကြီးအတွင်း၌ နယ်လှည့်ကွင်းဆင်းကာ တီဘီရောဂါရှာဖွေကုသခြင်းများ အခမဲ့ဆောင်ရွက်သည်။
အိမ်မဲမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။