သတင်းများ

ဝါးခယ်မမြို့နယ်နှင့် ကျုံမ​ငေးမြို့တို့၌ အ​ခြေခံစားသုံးကုန်ပစ္စည်းများ​ကို စျေးနှုန်းချိုသာစွာ​ဆက်လက်ရောင်းချ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်နှင့် ကျုံမ​ငေးမြို့၌ ယနေ့​နံနက် (၀၇:၃၀) နာရီအချိန်က ​ဝါးခယ်မမြို့စျေးရပ်ကွက်၊ ဘုရားလမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး​ရှေ့နှင့် ကျုံမ​ငေးမြို့၊ သီရိ​ဟေမာရပ်ကွက်၊ စည်ပင်ရုံး​ရှေ့၌ အ​ခြေခံစားသုံးကုန်ပစ္စည်းများဖြစ်​သော ဆန်၊ ဆီ၊ ကြက်ဥများအား ​​စျေးနှန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချ​ပေးခဲ့​ကြောင်း သိရသည်။
နတ်မောက်မြို့တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 14,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ကျောက်တန်းမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပ
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ မြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.မ.က (ပါဒ၀) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 14,2026
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တံတားမြို့၌ အခြေခံပညာစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အခွင့်အလမ်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ရှမ်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ Grade-10 ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အခွင့်အလမ်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 14,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းခွဲ (နားခါ) ၌ ကျင်းပသည်။
ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်၊ ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 14,2026
ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ တက္ကသိုလ်များဘောလုံးကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကော့မှူးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။