တန့်ယန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လားရှိုးမြို့ ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများသည် ဒေသခံပြည်သူများအား ဇူလိုင်လ ၁၆ ရက်နေ့၌ ကွင်းဆင်း၍ အခမဲ့ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးကု ဆရာဝန်ကြီးများမှ ကွင်းဆင်း၍ အခမဲ့ကုသပေးမည့် အစီအစဉ်တွင် ခွဲစိပ်အထူးကု ဆရာဝန်ကြီးများ၊ သားဖွား မီးယပ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ အထွေထွေသမားတော် ဆရာဝန်ကြီးများ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အထူးကု ဆရာဝန်ကြီးများ၊ အရိုး၊ အကြောအထူးကု ဆရာဝန်ကြီးများက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ နံနက် ၉ နာရီမှ ညနေ ၃ နာရီအချိန်ထိ အခမဲ့ကုသပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး(တန့်ယန်း)