မုံရွာ ဇူလိုင် ၁၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ယင်းမာပင်ခရိုင် မုံရွာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီဝါး တစ်အုပ်တစ်မ စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက မုံရွာတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်း၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဝင်းနှင့်တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် နေရာယူကြပြီး တက်ရောက် လာသော ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့်အတူ ဝါးပျိုးပင် ၄၂၀ နှင့် တမာပျိုးပင် ၃၀၀ တို့ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ ၂၀၂၆ ခုနှစ် မိုးရာသီဝါး တစ်အုပ်တစ်မ စိုက်ပျိုးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)