ဒဂုံတောင် ဇူလိုင် ၁၄
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင်၊ အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဇူလိုင် (၁၂) ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၅) ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် သန်လျင်မြို့နယ်အားကစားကွင်းတို့တွင် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၃ နာရီ၌ အင်းစိန်ခရိုင်အသင်းနှင့် မရမ်းကုန်းခရိုင်အသင်း၊ ဒဂုံမြို့သစ်ခရိုင်အသင်းနှင့် ဗိုလ်တထောင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။
ထိုသို့ ယှဉ်ပြိုင်ကစားကြရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၅) ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကြသော အင်းစိန်ခရိုင်အသင်းနှင့် မရမ်းကုန်းခရိုင်အသင်းတို့တွင် အင်းစိန်ခရိုင်အသင်းက မရမ်းကုန်းခရိုင်အသင်းကို (၁၅) ဂိုး (၁) ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်အသီးသီးရှိ လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရန်၊ ထူးချွန်သည့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ဖော်ထုတ်ရန်နှင့် တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်များရွေးချယ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)