မိုးနဲမြို့နယ်၌ မိုးနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ် သိမ်းတော့မည်
Oct 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် မှုကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံမိုးနေကြာသီးနှံများကိုစိုက်ပျိုး ခဲ့ရာ ယခုအခါ မိုးနေကြာသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဆာကာအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းရတော့မည် ဖြစ်ကြောင်း သိရသည်။