သတင်းများ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်စကားဝိုင်းကျင်းပ
Jul 14,2026
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုး တက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ဇွန် ၁၄ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပသည်။
မြစ်သားမြို့နယ်၌ နွေနှမ်းစိုက်ပျိုးရာသီ၌ ၇၅၉၉ ဧက ရိတ်သိမ်း
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်‌ နွေနှမ်းအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးဆီ ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သည့်အတွက် ဝင်‌ငွေရရှိပြီး လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ယခုနှစ် နွေနှမ်းစိုက်ပျိုးရာသီ၌ နွေနှမ်း ၂၉၂၀၈ ဧက စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၇၅၉၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ဝါစိုက်တောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်
Jul 14,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တံ့ရောင်) စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစု ပံ့ပိုးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ဟိုတယ်၊မိုတယ်၊ တည်းခိုရိပ်သာများနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ်စဥ် (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၁၁း၀၀) နာရီက ငွေဆောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ Aureum Palace ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက် မြလေးလမ်းရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်းမ၌ ဖွင့်လှစ်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 14,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန နယ်စပ်ခြံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သယံဇာတဖွံ့ဖြိုးရေးနှင့် တရားမဝင်လုပ်ငန်းများ လျော့နည်းပပျောက်စေရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
Jul 14,2026
တနင်္သာရီတိုင်းဒေသကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ သယံဇာတဖွံ့ဖြိုးရေးနှင့်တရားမဝင်လုပ်ငန်းများ လျော့နည်းပပျောက်စေရေးအလုပ်ရုံပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။