ပန်းတောင်းမြို့နယ်၌ မဲပေးခြင်းအသိပညာပေး ပိုစတာများစိုက်ထူ
Oct 09,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပုံမဲပေးနည်း အသိပညာပေးပိုစတာများကို အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူစည်ကားရာလမ်းဆုံလမ်းဂွများ ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။