သတင်းများ

လက်ပံတန်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေပွဲကျင်းပ
May 26,2026
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက်ပိုင်းကအခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။
ဝေါမြို့နယ်၌ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီး ကြိုဆိုပွဲကျင်းပ
May 26,2026
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ်မှ နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌  ၂၀၂၆ခုနှစ်၊ကမ္ဘာ့ကြက်ခြေနီ‌နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ၂၀၂၆ ခုနှစ် မေ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ်၌ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
May 26,2026
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲကျော်ယျနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ သီလရှင်သင်ပညာရေးကျောင်းတိုက် ပဉ္စမာလီ (၃)ထပ်ကျောင်းဆောင်တော် ကျောင်းလွှတ်ပူဇာမင်္ဂလာ ကျင်းပ
May 26,2026
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ နေမိန္ဒရဘုရားလမ်းရှိ ပဉ္စဂီရိချမ်းမြေ့စည်လောကီလောကုတ္တရာ သီလရှင်သင်ပညာရေးကျောင်းတိုက်ဝင်းအတွင်း၌ အသစ်တည်ဆောက်ပြီးစီးသည့် ပဉ္စမာလီ(၃)ထပ်ကျောင်းဆောင်တော်ကြီး ကျောင်းလွှတ်ပူဇာရေစက်ချမင်္ဂလာအခမ်းအနားကို မေလ ၂၄ ရက်နံနက်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးသည်။
တောင်ငူမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှုစစ်ဆေး
May 26,2026
ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(အတွင်းရေးမှူး) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီ လက်ကား/ လက်လီကိုယ်စားလှယ် အရောင်းဆိုင်များ၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ လိုက်လံ ကြပ်မတ်ကြည့်ရှု စစ်ဆေးသည်။
ပိုင်ကျုံမြို့ အ-ထ-ကကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ
May 26,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ-ထ-ကကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက်  မေ (၂၅)ရက် နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သည်။
ခမောက်ကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းဖွင့်
May 26,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်  စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကော်ဖီ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းကို ‌ မေ ၂၅ရက် မွန်းလွဲ ၁ နာရီက စတင်ဖွင့်လှစ်သည်။