လှိုင်သာယာ (အနောက်) ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၂ ရက်နေ့ နေ့လယ် (၁:၀၀) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အတွင်းပဒံကျေးရွာ၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ဦးစွာ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အမှာစကားပြောကြားပြီး ရန်ကုန်အနောက်ပိုင်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာနေခြည်နွေးက ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများနှင့် သတိပြုလိုက်နာရမည့် အချက်အလက်များကို အသိပညာပေးပြောကြားသည်။
အခမ်းအနားသို့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာနေခြည်နွေး၊ မြို့နယ်တာဝန်ခံဒေါက်တာ ခင်ခင်ကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းမာနှင့် မြို့နယ်ကျန်းမာရေးတာဝန်ရှိ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်/ ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ အ.ထ.က (၁၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)