သတင်းများ

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ
May 08,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည်အဖွဲ့ဝင်များနှင့်အတူ ပခုက္ကူခရိုင် /မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်တွေ့ဆုံပွဲအခမ်းအနားကို မေလ ၇ရက် နံနက် ၁၀နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ် ခုနစ်လံးပြိုလဲ၍ လူနေအိမ်(၃၉)လုံး အမိုးလန်ပျက်စီး
May 08,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ ကျေးရွာအချို့တွင် ယမန်နေ့ ညနေ ၂နာရီ၄၅မိနစ်အချိန် ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခုနစ်လုံးပြိုလဲ၍ သီလရှင် တစ်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် (၃၉)လုံး အမိုးများလန်ပျက်စီးခဲ့ကြောင်း သိရသည်။
သဖန်းကုန်းကျေးရွာ အဝင်လမ်းမကြီးအား မြေနီကျောက်ချောလမ်းအဖြစ် အဆင့်မြှင် တင်ဆောင်ရွက်
May 07,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်တွင်းကြီး-မကွေး ကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် တရုတ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာ လမ်းကို မြေနီ ကျောက်ချောလမ်းအဖြစ် မေလ(၇)ရက် နံနက် ၉ နာရီက အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် နွေရာသီ အခြေခံအားကစားသင်တန်းများသို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး
May 07,2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) တို့၌ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဉီးမောင်မောင်လင်းနှင့်အဖွဲ့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ကြည့်ရှု၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
May 07,2021
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဉီးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် စိုက်ပျိုးရေးနှင့်‌ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မေလ ၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ပေါက်အင်းစိုက်ပျိုးရေးခြံသို့ ရောက်ရှိကာ ခြံမန်နေဂျာ ဦးလှမိုး က ပေါက်အင်း စိုက်ပျိုးရေးခြံတွင် သီးနှံများ စိုက်ပျိုးမှု၊ မျိုးသန့်ထုတ်လုပ်မှုများနှင့် တောင်သူများသို့ ဖြန့်ဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လယ်ယာသုံးစက်ကိရိယာများ အသုံးပြုမှု အခြေအနေ များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင် လင်း မှ သီးနှံမျိုးကောင်းမျိုးသန့်များ တောင်သူများ လက်ဝယ်သို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေး တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်ရေး လိုအပ်သည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးကို ဖြည့်ဆည်းမှာကြားသည်။
လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၄)လုံး အမိုးလန်ပျက်စီး
May 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၆)အုပ်စုရှိ ကျေးရွာ(၉)ရွာတွင် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူ များ ကြည့်ရှုစစ်ဆေး
May 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ရေလဲကျေးရွာနှင့် ထွနီကုန်းကျေးရွာချင်း ဆက်ကျောက်ချောလမ်းခင်း ကျင်းဆောင်ရွက်နေမှု အခြေအနေအား ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲပြုလုပ်
May 07,2021
ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ် ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။