ပြည်နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲပြုလုပ်

လွိုင်ကော် မေ ၇

ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။

ယနေ့ သုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်  တွေ့ကြုံနေရသော လက်ရှိမြေပြင်အခက်အခဲ အခြေအနေများအရ စီမံကိန်းထိခိုက်မှု၊ ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်ပေါ်စေရေးအတွက် အခက်အခဲများဖော်ထုတ် ဆောင်ရွက် သွားရန် ပြုလုပ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တပြည်နယ်ဦးစီးမှူး ဦးစောဒီးဒီက ပြောကြားသည်။

ဆက်လက်ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများက ကြိုတင် ဆွေးနွေးချက်များအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ အုပ်စုဖွဲ့ဆွေးနွေးခြင်းများကိုဆောင်ရွက်ရာတွင် ရန်ပုံငွေထုတ်ယူပေးသွင်းရာတွင် ကြုံတွေ့နေရသော အခက်အခဲ၊ ကျေးရွာများမှ အချိန်ကာလစေ့၍ ရန်ပုံငွေပြန်လည်ပေးသွင်းခြင်း (သို့မဟုတ်) ပြန်လည်ထုတ်ချေးခြင်းတို့ကို ဆောင်ရွက်မည့် အစီအစဉ်နှင့် အကြုံပြုချက်၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲ၊ အရင်း၊ အတိုး၊ ကြွေးကျန်ကောက်ခံရာ တွင် ကြုံတွေ့ရသော အခက်အခဲ၊ ရန်ပုံငွေများ ပြန်လည်ထုတ်ချေး / ပြန်ဆပ်ရာတွင် ဝန်ထမ်းများနှင့် ကော်မတီများမှ အလွဲသုံးစား မပြုလုပ်နိုင်ရေး ဆောင်ရွက်နိုင်မည့်အစီအစဉ် ၊ ပြန်တမ်းများပေးပို့ရာတွင် ကြုံတွေ့ရသောအခက်အခဲ ၊ မြေပြင်ကွင်းဆင်း စစ်ဆေးကြီးကြပ်ရာ၌ ကြုံတွေ့ရသောအခက်အခဲ၊ ရန်ပုံငွေများ ပြန်လည်ထုတ်ချေးရာတွင် ကြုံတွေ့ရသော အခက်အခဲ၊ ကျေးရွာကော်မတီနှင့် ကျေးလက် ဦးစီးဌာနဝန်ထမ်းများမှ ရန်ပုံငွေအလွဲ သုံးစားပြုလုပ်မှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းနှင့် ကာကွယ် ဆောင်ရွက်မည့် နည်းလမ်းများ စသောခေါင်းစဉ်များနှင့် ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးကြသည်။

ထို့နောက် အဖွဲ့များ၏ ဆွေးနွေးချက်ရလဒ်များအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

 ခရိုင် (ပြန်/ဆက်)