သတင်းများ

မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက်ကြည့်ရူစစ်ဆေး
May 09,2021
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ယမန်နေ့ မွန်းလွဲ ၂ နာရီမှ  စတင်၍ သွားရောက်ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသွားလာရန်နှင့် စည်းကမ်းမဲ့ယာဉ်များအား စည်းကမ်းချက်နှင့်အညီ လိုက်နာနိုင်ရန် ဆွေးနွေး
May 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသွားလာရန်၊ သတ်မှတ်စည်းကမ်းများအား လိုက်နာနိုင်ရေးနှင့် မလိုက်နာသည့် ယဉ်များအား အရေးယူဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
မအူပင်မြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပေးဆောင်ရွက်
May 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် အပြင်ထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဒုတိယအကြိမ် အခမဲ့ပညာဒါန ကွန်ပျူတာသင်တန်းဖွင့်လှစ်
May 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဒုတိယ အကြိမ် အခမဲ့ပညာဒါန ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သဗ္ဗညု ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
May 08,2021
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
၂၀၂၁ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား မြိတ်မြို့တွင်ကျင်းပ
May 08,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ကြက်ခြေနီအသင်းရုံးတွင် ကျင်းပခဲ့ပြီး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင် များနှင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင်တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
May 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ကြက်ခြေနီကျင့်ဝတ် (၅၀) ရေးဖြေ ပြိုင်ပွဲကို ယနေ့နံနက် (၁၁ ) နာရီက အဆိုပါ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ကျင်းပရာ ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပလနကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံ၊ တက္ကသိုလ်ဒီဂရီကောလိပ်များသို့ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေသူများအား သွားရောက်ကြည့်ရှုအားပေး
May 08,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ ပလန (၁၊၂၊၃၊၄၊၅)နှင့် ငွေပျော်စံပြကျေးရွာများမှ ပြည်သူများနှင့် ပလန(၂) ကံ့ကော်မြိုင် ကျေးရွာ၊ ရွှေကံကော်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။