လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ် ခုနစ်လံးပြိုလဲ၍ လူနေအိမ်(၃၉)လုံး အမိုးလန်ပျက်စီး

သာယာဝတီ  မေ  ၈

ပဲခူးတိုင်းဒေသကြီး  သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ ကျေးရွာအချို့တွင် ယမန်နေ့ ညနေ ၂နာရီ၄၅မိနစ်အချိန် ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခုနစ်လုံးပြိုလဲ၍ သီလရှင် တစ်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် (၃၉)လုံး အမိုးများလန်ပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အိပ်လဟာကျေးရွာအုပ်စုတွင်  နေအိမ်(၂)လုံး၊ ဖိုးခေါင်ကျေးရွာ အုပ်စုတွင် နေအိမ်(၇)လုံး၊ ဇီးပွဲကျေးရွာအုပ်စုတွင်  နေအိမ်(၂၁)လုံး၊ စံရွေးကျေးရွာအုပ်စုတွင် နေအိမ်(၂) လုံး၊ ဒေါဝိကျေးရွာ အုပ်စုတွင်  နေအိမ်(၇)လုံး၊ သီလရှင်ကျောင်း (၁)ကျောင်း၊ မြောက်ပန်းဆွဲ ကျေးရွာအုပ်စုတွင်  နေအိမ်(၂)လုံး၊ သခွတ်ကုန်း ကျေးရွာ အုပ်စုတွင်  နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ပြီး၊ နေအိမ် ခုနစ်လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း နေအိမ်(၇)လုံးပြိုလဲ၍ သီလရှင်ကျောင်း တစ်ကျောင်း အပါအဝင် နေအိမ်(၃၉)လုံး အမိုးများလန် ပျက်စီးဆုံးရှုံးမှုတန်ဘိုး (၃၅.၅၅)ကျပ်ခန့်ရှိပြီး၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)