သတင်းများ

ညောင်ဦးမြို့နှင့်ပုဂံမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရ မည့်အချက်အလက်များအသံချဲ့စက်ဖြင့်အသိပေးခြင်းဆောင်ရွက်
Jul 25,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နှင့်ပုဂံမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့ပွားမှုမရှိစေရေးနှင့်ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဦးဆောင်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်၊  ညောင်ဦးမြို့နယ် မီးသတ်ဦးစီး ဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆန်းမြလွင် နှင့်ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး ဆောင်ရွက်လိုက်နာရ မည့်အချက်များကို ဇူလိုင် ၂၅ရက်နေ့ နံနက် ၇နာရီအချိန်ကအသံချဲ့စက်ဖြင့်လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မအူပင်မြို့တွင်နေအိမ်ပြင်ပထွက်ပြည်သူများနှာခေါင်းစည်း(Mask) တပ်ဆင်ပြီးထွက်ရေးအသိပညာပေး
Jul 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မအူပင်မြို့တွင်နေအိမ်ပြင်ပသို့ထွက်ရှိသည့်ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးထွက်ရန်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏သတ်မှတ်စည်းကမ်းနှင့်အညီနေထိုင်ကြရန် အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ၂ နာရီက လူစည်ကားရာနေရာများတွင်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကျေးရွာများသို့အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်
Jul 25,2021
 ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၁၀နာရီအချိန်မှ စတင်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာနှင့်ကုန်းပြက်ကျေးရွာ တို့တွင်နေထိုင် ကြသည့် တိုင်းရင်းသားပြည်သူများအား အသံချဲ့စက်ဖြင့်လှည့်လည်ကာ  အသိပညာပေး နိုးဆော်ကြောင်းသိရသည်။
မြို့သစ်မြို့နယ်၌ မျိုးသန့် မျိုးစေ့ ပျိုးပင်များထောက်ပံ့ပေးအပ်
Jul 25,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးတိုးတက် ရေးနှင့်သီးနှံစိုက်ပျိုးမှုပုံစံ မှန်ကန်စေရေးရည်ရွယ်လျက်  တောင်သူပူးပေါင်းပါဝင်သော စိုက်ပျိုး ပညာပေးလုပ်ငန်းအစီအစဉ်ဖြင့် သီးနှံပုံစံ စံပြကွက်များ၊ မျိုးသန့်ပွားစိုက်ခင်းများဆောင်ရွက်ရန် အတွက် ကျေးရွာ(၂၉)ရွာမှ အကျိုးဆောင်ပေါင်းစပ်တောင်သူ (၁၄၉)ဦးအား  စိုက်ပျိုးပညာပေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် မျိုးသန့် မျိုးစေ့ ပျိုးပင်များအား ယခုနှစ် ဇူလိုင်လအတွင်း စိုက်ပျိုးချိန် ရာသီအလိုက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သူများအား မိုဘိုင်းအသွင်သဏ္ဍန်ဖြင့် အရေးယူမှုလုပ်ငန်းများ မြို့အနှံ့လှည့်လည် ဆောင်ရွက်
Jul 25,2021
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ် တုံ့ပြန်ရေး ကော်မတီကကြီးကြပ်ကာ ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ပါးစပ်နှာခေါင်းစည်း မတပ်ဆင် သူများအား မိုဘိုင်းအသွင်သဏ္ဍန်ဖြင့် အရေးယူမှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက  မြို့အနှံ့ လှည့်လည် ကြပ်မတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကျေးရွာများသို့အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်
Jul 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၁၀နာရီအချိန်မှ စတင်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာနှင့်ကုန်းပြက်ကျေးရွာ တို့တွင်နေထိုင် ကြသည့် တိုင်းရင်းသားပြည်သူများအား အသံချဲ့စက်ဖြင့်လှည့်လည်ကာ  အသိပညာပေး နိုးဆော်ကြောင်းသိရသည်။
ကိုဗစ်၁၉ရောဂါနှင့်ပတ်သက်၍ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 25,2021
မေး။   ပြည်သူတွေအနေဖြင့် ကိုဗစ်−၁၉ ရောဂါလက္ခဏာတွေ ရှိလာပြီဆိုရင် ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမလဲ ဆိုတာ သိပါရစေရှင်။ ဖြေ။ ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိ/မရှိကို ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ ဆေးရုံ (သို့မဟုတ်) မြို့နယ်အတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ဆက်သွယ်ပြီး မြို့နယ် ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ရောဂါရှိ/မရှိနေ့စဉ် စစ်ဆေးနေပါတယ်။
သဲကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Jul 25,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ​ကျေးရွာများအရောက် အအသံချဲ့စက်ဖြင့် လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။