တောင်တွင်းကြီး မေ ၇
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်တွင်းကြီး-မကွေး ကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် တရုတ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာ လမ်းကို မြေနီ ကျောက်ချောလမ်းအဖြစ် မေလ(၇)ရက် နံနက် ၉ နာရီက အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းမကြီးမှာ အရှည် (၁)မိုင် အကျယ် (၁၂)ပေရှိ မြေနီကျောက်ချောလမ်းအဖြစ် အုပ်စုအုပ်ချပ်ရေးမှူး ဦးခင်မောင်တိုးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ကျေးရွာနေပြည်သူ များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် မြေနီခင်းခြင်း လမ်းပုခုံးတင်ခြင်းလုပ်ငန်းကိုစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ယင်းမြေနီခင်းခြင်းလုပ်ငန်းပြီးစီးသွားပါက တရုပ်ကောအုပ်စုနှင့် သဖန်းကုန်းကျေးရွာမှ ဒေသ ထွက် ကုန်ပစ္စည်းမျးကို တောင်တွင်းကြီး-မကွေး ကားလမ်းမကြီးမှ တဆင့် ရန်ကုန်၊မန္တလေး၊ မကွေး၊ကျေက်ပန်းတောင်းအစရှိသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချနိင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဒေသဖွံ့ဖြိုးမှုများကို အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း