လွိုင်ကော်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် နွေရာသီ အခြေခံအားကစားသင်တန်းများသို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး

လွိုင်ကော် မေ ၇

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) တို့၌ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

‌ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ဖွင့်လှစ်လျက်ရှိသည့် ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘောနှင့်ဘောလုံး စသည့် အားကစားနည်းများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား အာဟာရဖြည့်စွက် စာ ဂလူးကို့စ်များ  ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အားကစားနှင့် ကာယ ပညာသိပ္ပံ(လွိုင်ကော်)၊ ကျောင်းအုပ်ချုပ်မှူးရုံးခန်း၌ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ ငွေကျပ်သိန်း (၅၀) ထည့်ဝင်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်နယ်အားကစားရုံတွင် လက်ဝှေ့၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘောနှင့် ကရားတေးဒိုစသည့် အားကစားနည်းများအား လေ့ကျင့်သင်ယူနေသော အားကစားသမားများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာ ဂလူးကို့စ်များ ပေးအပ်ခဲ့သည်။

အဆိုပါ နွေရာသီအားကစားသင်တန်းကို ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး အားကစားနည်း (၁၁)နည်းကို သင်ကြားပို့ချလျက်ရှိကြောင်း သိရ သည်။

ပြည်နယ် (ပြန်/ဆက်)