စစ်ကိုင်း မေ ၇
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဉီးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မေလ ၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ပေါက်အင်းစိုက်ပျိုးရေးခြံသို့ ရောက်ရှိကာ ခြံမန်နေဂျာ ဦးလှမိုး က ပေါက်အင်း စိုက်ပျိုးရေးခြံတွင် သီးနှံများ စိုက်ပျိုးမှု၊ မျိုးသန့်ထုတ်လုပ်မှုများနှင့် တောင်သူများသို့ ဖြန့်ဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လယ်ယာသုံးစက်ကိရိယာများ အသုံးပြုမှု အခြေအနေ များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင် လင်း မှ သီးနှံမျိုးကောင်းမျိုးသန့်များ တောင်သူများ လက်ဝယ်သို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေး တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်ရေး လိုအပ်သည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးကို ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့သည် ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြမြဦး က သဘာဝပိုးသတ်ဆေးပြုလုပ်ခြင်းနှင့် မြေဆီလွှာအာဟာရဖြည့်တင်းရေးလုပ်ငန်းများအား သရုပ်ပြ ရှင်းလင်းတင်ပြပြီး ယင်းသဘာဝပိုးသတ်ဆေးများနှင့် မြေြသဇာများ၏ အသုံးဝင်မှုများအား တောင်သူများက လက်တွေ့စိုက်ပျိုးရေးတွင် အသုံးပြုဆောင်ရွက်နေမှုများကို တင်ပြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ကုန်ကျစရိတ်သက်သာခြင်း၊ စိုက်ပျိုးမြေများတွင် မြေဆီလွှာ ထိခိုက်မှုနည်းပါးခြင်း၊ သီးနှံအထွက်နှုန်းပိုမိုရရှိစေခြင်းတို့ကြောင့် တောင်သူများထံ ကွင်းဆင်းပြီး လက်တွေ့ပညာပေးသရုပ်ပြဆောင်ရွက်ခြင်းများ ပိုမိုပြုလုပ်ရန် မှာကြားကာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ က ဒေသခံတောင်သူများအား သဘာဝပိုးသတ်ဆေးများ၊ ဓာတ်မြေြသဇာများကို ထောက်ပံ့ပေးအပ်ခဲ့ သည်။
ဆက်လက်ပြီး ချောင်းဦးမြို့ပေါ်ရှိ ပန်းပွင့်ဖြူမျိုးစေ့သန့်စင်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံ ဦးစိုးလင်းအောင် က မျိုးစေ့များကို စက်ကိရိယာများဖြင့် သန့်စင်မှု၊ မျိုးစေ့များ အရွယ်အစားမတူညီမှုကို ခွဲထုတ်မှု၊ ဖုန်/သဲ/ခဲများအား ခွဲထုတ်မှု၊ တုန်ခါစက်ဖြင့် မျိုးစေ့များ ရွေးချယ်မှု၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးစေ့ကောင်းများ ထုတ်ပိုးမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှုများ ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း က လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
ဆက်လက်ပြီး ချောင်းဦးမြို့၊ အနော်ရထာခန်းမတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံရာတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း က နိုင်ငံ၏ လက်ရှိဖြစ်ပေါ်မှု အခြေအနေမှန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် မိဘပြည်သူများ၊ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးတင်သန်းဝင်း က စိုက်ပျိုးမှုနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်တက်ရောက်သင်ကြားပြီး အေးချမ်းစွာ ပညာသင်ယူနိုင်ရေး၊ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးအောင်ဘော် က ချောင်းဦးမြို့နယ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖ ဦးသိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဦးစိုးတင့် တို့က ဒေသကဆိုင်ရာလိုအပ်ချက်များ ကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း နှင့် အဖွဲ့သည် မုံရွာမြို့၊ လယ်ဇင်ကျေးရွာအုပ်စု၊ နို့စားနွားမွေးမြူရေးဇုန်သို့ ရောက်ရှိကာ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက နွားမွေးမြူရေးဇုန်နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး နွားမွေးမြူရေးဇုန်အတွင်း လှည့်လည်ကြည့်ရှုကာ နို့စားနွားပိုမိုမွေးမြူရေး၊ ဒေသ၏ နွားနို့လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း နှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရောက်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က ဌာနများ၏ လုပ်ငန်းလျာထားချက်များ အပြည့်အဝ အကောင် အထည်ဖော်ရေး၊ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသီးနှံများ လျာထားချက် ပြည့်မီရေး၊ မွေးမြူရေး လုပ်ငန်းနှင့် ငါးလုပ်ငန်းများမှ ဒေသ၏ စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အကောင်အထည်ဖော်ရေး ဆိုင်ရာများကို မှာကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးတင်သန်းဝင်း က ဌာနများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိန်းဂဏန်းများ ပြုစုရာတွင် မြေပြင်၏လက်ရှိအခြေအနေများနှင့်ကိုက်ညီရေး၊အောက်ခြေကျေးလက်ဒေသရှိ လယ်ယာစိုက်ကွင်း
များအရောက် ကွင်းဆင်း၍ တောင်သူများနှင့် ထိတွေ့ကာ ပညာပေးရေး၊ လိုအပ်ချက်များ ကူညီပေးရေး၊ စည်းရုံးရေးလုပ်ငန်းများနှင့် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်