နတ်မောက်မြို့နယ်တွင် သဘာ၀ဘေးဒဏ်သင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
May 07,2021
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်တွင်တိုက်ခတ်ခဲ့သော မိုးသက် လေပြင်းဒဏ်ကြောင့် သဘာ၀ဘေး သင့်ခဲ့သော ပိတောက်ငုတ်ကျေးရွာအုပ်စု ပိတောက်ငုတ် ရွာသစ်ကျေးရွာ၌ ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ် ဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ငွေများ လက်၀ယ်အရောက် ကွင်းဆင်းပေး အပ်ခဲ့ ကြောင်းသိရသည်။