ကော့ကရိတ်မြို့၌ နို့စားနွားမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်
May 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် နို့စားနွားများက ထွက်ရှိသည့် သဘာဝနွားနို့စစ်စစ်များကို နေ့စဉ်ရောင်းချ နေရပြီး၊ နွားသား ပေါက်များကိုပါ ပြန်လည်ရောင်းချနိုင်သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၁) ရပ်ကွက်ထန်းပင်ကုန်းရပ်နေ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် တာဝန်ခံတစ်ဦးထံမှ သိရသည်။