သတင်းများ

ကျုံပျော်မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေဟောပြောပွဲပြုလုပ်
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု၊ တောက်တဲ့ရိုးကျေးရွာ ခရစ်ယန်ဘုရားကျောင်းခန်းမတွင် ဇူလိုင်လ ၁၃ ရက် နေ့လယ်က ပြည်သူအခြေအနေပြု ရဲလုပ်ငန်းစဉ် ဖြစ်သော ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ၊ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို  ကျင်းပပြုလုပ်သည်။
မြင်းမူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 14,2026
မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြင်းမူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအလယ် တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြင်းမူမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပးဟောပြော
Jul 14,2026
မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)၏ ၆၆ နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာသို့တက်ရောက်ဖူးမြော်ကြည်ညို
Jul 14,2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့ အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၆)နှစ်မြောက်ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုသည်။
တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကော့သောင်းခရိုင်/မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်း 
Jul 14,2026
တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်သည်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက  ကော့သောင်းခရိုင်/မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအတွက် အားကစားဝတ်စုံများနှင့် ချီးမြှင့်ငွေများ ပေးအပ်
Jul 14,2026
ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ဌာနနေတိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်စေပြီးစည်းလုံးညီညွတ်မှုကိုပြသကာ အချင်းချင်း လေးစားချစ်ခင်မှု ပိုမိုဖြစ်ထွန်းလာစေရေး ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့က အားကစားဝတ်စုံများနှင့် ချီးမြှင့်ငွေများပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 14,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇူလိုင် ၁၃ ရက် မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပသည်။