ဟင်္သာတ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပခဲ့သည်။
ဦးစွာ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ဟင်္သာတခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ၊ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက လွှတ်တော်ဆိုင်ရာတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစောသက်နိုင်ဦးက လွှတ်တော် ရေးရာအတွေ့အကြုံများ အားရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ ရပ်မိ၊ ရပ်ဖများက ဒေသ၏ လိုအပ်ချက်များတင်ပြရာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)