သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပုဗ္ဗသီရိမြို့နယ်၌ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်
Jul 15,2026
မျိုးဆက်သစ်လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ အစဉ်တစိုက် ရှင်သန်နေစေရန်၊ စာပေအဆီအနှစ်များမှတစ်ဆင့် အသိပညာဗဟုသုတကြွယ်ဝပြီး နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပသော “စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်သည်။
ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဝန်ကြီးဌာနအောက်ရှိ စည်ပင်သာယာရေးအဖွဲ့များမှ တက္ကသိုလ်ဝင်တန်း Grade -12 အောင်မြင်ခဲ့သည့် ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်
Jul 15,2026
ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade -12 အောင်မြင်ခဲ့သည့် ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ပညာသင်စရိတ်နှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲက ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ အခွန်ဆိုင်ရာ အသိပညာပေး လူထုလှုပ်ရှားမှုပြုလုပ်
Jul 15,2026
ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ အခွန်ဦးစီး ဌာနမှူးရုံးမှ ကြီးမှူး ကျင်းပသော အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငုဝါရွှေက အမှာစကားပြောကြားပြီး၊ သီရိ ၅ မြို့နယ်၊ အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးကိုကိုက အခွန်အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ည‌နေပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဒေါ်နှင်းစုလှိုင်၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးသည်။
ဖြူးမြို့နယ်၊ ဇေယျဝတီ အ.ထ.က (၂) ကျောင်း၌ လူငယ်စကားဝိုင်း ပြုလုပ်
Jul 15,2026
ကျောင်းသားအရွယ်မှ စတင်ကာ အသိပညာဗဟုသုတများ ရရှိစေပြီး အတွေးအခေါ်များ ရင့်သန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အ.ထ.က (၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းခရိုင် ကျိုက္ကစံဆံတော်ရှင်စေတီ၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီတော်များ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျိုက္ကစံဆံတော်ရှင်စေတီတော် နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ယနေ့နေ့လယ် ၁၂ နာရီ မိနစ် ၃၀ တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုသူနာပြုသင်တန်းကျောင်း၌ ဆဌမအကြိမ် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနား ကျင်းပ
Jul 15,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြုသင်တန်းကျောင်း၌ ဆဌမအကြိမ် သူနာပြုသားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ဇူလိုင် (၁၄) ရက်နေ့ နံနက် (၉) နာရီတွင် အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမ၌ ကျင်းပခဲ့ရာ ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ဒုတိယပါမေက္ခချုပ်ဆရာမကြီးနှင့် ပါမောက္ခ (ဌာနမှူး) များ၊  ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။