မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ၁၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲပြုလုပ်
Oct 11,2025
မန္တလေးရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၏ ၁၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား အာရုံခံ တန်ဆောင်ကြီးအတွင်း အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာတော်အပါး (၂၅၆၉)ပါး၊ သီလရှင်(၂၅၆၉) ပါးတို့အား လောင်းလှူကြသည်။