သတင်းများ

ငွေဆောင်မြို့၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 13,2026
​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ညောင်အုပ်ကျေးရွာရှိ အဘယာရာမကျောင်းတိုက်ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်း တောင်သူများအား မိုးစပါးအထွက်နှုန်းတိုးတက်စေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဖလား မိုးရာသီ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့နယ်ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
မော်လိုက်မြို့ ကြောင်ပန်းဘုန်းတော်ကြီးကျောင်း၌  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများဆောင်ရွက်
Jul 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊‌ မော်လိုက်ခရိုင်၊‌ မော်လိုက်မြို့၌ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၁) ရက် နံနက် (၉) နာရီအချိန်က ‌ကြောင်ပန်းဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
Jul 13,2026
ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုများပပျောက်စေရန်နှင့် ကလေးသူငယ်များ အကာကွယ်စောင့်ရှောက်မှုပေးရန် ရည်ရွယ်၍ ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန လွိုင်ကော် မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်သည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၂၅) အခြေခံပညာအထက်တန်း‌ကျောင်းခွဲသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း
Jul 13,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၅) အခြေခံပညာအထက်တန်း‌ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်အသစ်များ  အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
လားရှိုးမြို့၌ အဆင့်မြင့်ပညာအဆင့် လူငယ်စကားဝိုင်း၊ စာအုပ်စာ‌စောင်၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် သူနာပြုသင်တန်း‌ကျောင်းတို့ပူးပေါင်း၍ သင်တန်းသား၊ သင်တန်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများမြှင့်တင်ရန်ရည်ရွယ်၍ အဆင့်မြင့်ပညာအဆင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း(လားရှိုး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိပြီး အသိပညာဗဟုသုတကြွယ်ဝ‌စေရန်အတွက် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၃ ရက်နေ့နံနက်ပိုင်းက အင်းကောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။