ကျုံပျော် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု၊ တောက်တဲ့ရိုးကျေးရွာ ခရစ်ယန်ဘုရားကျောင်းခန်းမတွင် ဇူလိုင်လ ၁၃ ရက် နေ့လယ်က ပြည်သူအခြေအနေပြု ရဲလုပ်ငန်းစဉ် ဖြစ်သော ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ၊ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင် မှ ရဲလုပ်ငန်းစဉ်ဖြစ်သော ရပ်ရွာတည်ငြိမ် ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေ/နည်းဥပဒေများ အကြောင်းအား အသိပညာပေးဆွေးနွေး ဟောပြောပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်း မှ မှုခင်းကျဆင်းရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် မှုခင်းဖြစ်ပွားမှုရှိသည့် အလေ့အထများ၊ ပြည်သူများမှစောင့်ထိန်း သင့်သည့် ကိုယ်ကျင့်တရားများ၊ မှုခင်းပိုင်းဆိုင်ရာများ၊ ပြည်သူ များသိသင့်သိထိုက်သော နည်းဥပဒေများ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောသည်။
ထို့နောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြောကြားပြီး၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးတေဇာအောင်မှ ကလေးသူငယ်အခွင့်ရေး ဥပဒေဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ဆွေးနွေးပွဲ တက်ရောက်လာ သူပြည်သူများထံသို့ မှုခင်းကျဆင်းရေးအသိ ပညာပေးလက်ကမ်းစာစောင် ၃၅၀ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)