မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကျိုက်မရောမြို့နယ် ကျုံစိန်ကျေးရွာ၌ မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစု ချီးမြှင့်ပေးအပ်ခြင်းနှင့် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း (၃၀) ဧက မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား တက်ရောက်
Jul 14,2026
ကျိုက်မရောမြို့နယ် ကျုံစိန်ကျေးရွာ၌ မျိုးစေ့ထုတ်တောင်သူများအား သွင်းအား စုချီးမြှင့်ပေးအပ်ခြင်းနှင့် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း (၃၀) ဧက မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ တောင်သူဦးငွေရ၏ လယ်မြေ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ကျိုက်မရောမြို့နယ်၏ မိုးစပါးသီးနှံစိုက်ပျိုးပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ရေမြေဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။