သတင်းများ

ဇလွန်မြို့နယ်၌ အသက် (၂၂) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြိုနယ် (Communiry Centre) ခန်းမ၌  (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်း စာအပြင်စာပေဗဟုသုတ ပြည့်စုံနိုင်စေရန်နှင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်၌ စားအုန်းဆီများသတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချရေး ကြည့်ရှုစစ်ဆေး
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများ ဝယ်ယူရရှိမှု ရှိ/မရှိကို ယမန်နေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်တူရွေးပဲသီးစိုက်တောင်သူများ တစ်ပိသာ ၅၀၀၀ ကျပ် ရောင်းချနေရ
Jul 13,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများနှင့် ကင်မွန်းခြုံကျေးရွာများသည် ကြက်တူရွေးပဲသီး စိုက်ပျိုးခြင်းအား ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးကြရာ အပင်ဖြစ်ထွန်းကောင်းမွန်ပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်း ကောင်းမွန်ခြင်းကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၅၀၀၀ ကျပ် ရောင်းချနေရကြောင်း ကြက်တူရွေးပဲစိုက်တောင်သူ ဦးမျိုးလွင်ထံက သိရသည်။
လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်အကောင်းမြင်စိတ်အကြောင်း" အသိပညာပေး Talk Show ပြုလုပ်
Jul 13,2026
လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်အကောင်းမြင်စိတ်အကြောင်း" အသိပညာပေး Talk Show ပြုလုပ် လမ်းမတော် ဇူလိုင် ၁၃ မြို့နယ်ပြန်/ဆက်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ ကျင်းပသည်။
ငွေဆောင်မြို့၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 13,2026
​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ညောင်အုပ်ကျေးရွာရှိ အဘယာရာမကျောင်းတိုက်ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်း တောင်သူများအား မိုးစပါးအထွက်နှုန်းတိုးတက်စေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဖလား မိုးရာသီ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့နယ်ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့သည်။