သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 15,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်လမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကြပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
“Basic life support & AED Training” ဖွင့်ပွဲကျင်းပ
Jul 15,2026
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသည့် “Basic life support & AED Training”ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားသည်။
မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ကျင်းပ
Jul 15,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် လေ့လာဖလှယ်ရန်၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်‌စေရန်အတွက် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို ဇူလိုင် (‌၁၄) ရက် နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ဟင်္သာတမြို့နယ်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက် ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်သည်။
ဘုတ်ပြင်းမြို့ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Jul 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်၍ ကျောင်းသားကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 15,2026
နိုင်ငံတော်အစိုးရ၏ ရက် ၁ဝဝ အတွင်း ဆောင်ရွက်သည့်အစီအစဉ်ဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
ပျဉ်းမနားတွင် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်း
Jul 15,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ကျင်းပသော အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလေး​မြို့၌ စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ တွေ့ဆုံပွဲကျင်းပ
Jul 15,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ကလေးမြို့၊ မြို့သာရပ်ကွက် ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။