သတင်းများ

မော်လိုက်မြို့ အ.မ.က(၂)ကျောင်း၌ ငှက်ပျောပင်စိုက်ပျိုးပွဲကျင်းပ
Jul 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊‌ မော်လိုက်ခရိုင် မော်လိုက်မြို့၌၊ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေးအာဟာရ ဖြည့်စွက်စာအဖြစ် ငှက်ပျောသီးကျွေးမွေးနိုင်စေရေးအတွက်  ရည်ရွယ်၍ ငှက်ပျောပင် စိုက်ပျိုးပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က  အမှတ်(၂) အခြေခံပညာမှုလတန်းကျောင်းဝင်း၌ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 13,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က (ပလိပ်)ခန်းမ၌ ကျင်းပခဲ့သည်။
မြောင်းမြမြို့တွင် Si Pwar  Trading Co.,ltd မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ (မိုးစပါး)ဆန်စပါးစိုက်ပျိုး ရေးဇုန်(Rice  Export Zone) စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်သည့် Si Pwar  Trading  Co.,ltd မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့်သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို  ဇူလိုင်လ (၁၂) ရက်နေ့ နေ့လယ်(၁)နာရီအချိန်က မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး
Jul 13,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ထုတ်ချေးပေးကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများရောင်းချပေးနေမှုများအား တာဝန်ရှိများက ကွင်းဆင်းစစ်ဆေး
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား QR Code စနစ်ဖြင့် ရောင်းချ ပေးနေမှု၊ လိုအပ်သောဆီပမာဏထက် ကျော်လွန်ရောင်းချမှု မရှိစေရေး တာဝန်ရှိများက ကွင်းဆင်း စစ်ဆေးကြသည်။
မအူပင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ တိုးရွေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ချမ်းအေးသာစံမြို့နယ်တွင် ရွှေပြည်ကြီးချိုချဉ်ကုန်ထုတ် သမဝါယမအသင်းလီမိတက်၌ အမှုဆောင်သစ်ရွေးချယ်ပွဲနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 13,2026
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်ကြီးချိုချဉ်ကုန်ထုတ် သမဝါယမအသင်းလီမိတက်၏ အမှုဆောင်သစ်ရွေးချယ်ပွဲနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အဆိုပါရုံး၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
သာကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်
Jul 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။