မြင်းမူမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပးဟောပြော

မြင်းမူ ဇူလိုင် ၁၄

မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြင်းမူမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ၊ ရေဘေးအန္တရာယ်ဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍မြန်မြန်ငြှိမ်းသတ်နိုင်ရေး 191 Report application အသုံးပြုတက်စေရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက Lifejacket ဝတ်ဆင်နည်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခဲ့ကြောင်းသိရသည်။

နေလင်းအောင် (ပြန်/ဆက်)