သတင်းများ

ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Oct 12,2025
၂၀၂၅- ၂၀၂၆ ပညာသင်နှစ်  ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာ ၁၁ရက်မှ စတင်ကျင်းပခဲ့ရာ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသည်။
သရက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ဆွေးနွေးညှိနှိုင်း
Oct 12,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ဆွေးနွေး ညှိနှိုင်းမှုကို အောက်တိုဘာ ၁၁ ရက်နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
MSME လုပ်ငန်းရှင်များနှင့် လုပ်သားများ မဲစာရင်းတွင် မကျန်ရှိစေရေး၊ MSME ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အဆင့်မြှင့်တင်ရေးနှင့် MSME ထုတ်ကုန်ပစ္စည်းပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်း
Oct 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်နှင့် လယ်ဝေးခရိုင်တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာပေးထားရာ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်း အတွင်းရှိ လုပ်သားများ မဲစာရင်းတွင် မကျန်ရှိစေရေး အလေးထားကြည့်ရှုပေးရန် နှင့် MSME လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲမှု ကောင်မတီရုံး၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 12,2025
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဣစ္ဆာသယမေတ္တာအေးရိပ်လွမ်းစေတီ ဋ္ဌာပနာထည့်သွင်းပူဇော်ပွဲနှင့် ထီးတော်တင်ပွဲကျင်းပ
Oct 12,2025
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၁၀၈ - တောင် မဟာဗောဓိ စွယ်တော်ရှင်စေတီရင်ပြင် မြောက်ဖက်မုခ်အနီးရှိ ဣစ္ဆာသယမေတ္တာအေးရိပ်လွမ်းစေတီ ဘုရားဋ္ဌာပနာ ထည့်သွင်းပူဇော်ပွဲနှင့် ထီးတော်တင်ပွဲမင်္ဂလာကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
မြစ်သားမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊  သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ     
Oct 12,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  မြို့နယ်အဆင့် အင်္ဂလိပ်စာ၊  သင်္ချာစွမ်းရည်ပြိုင်ပွဲကို   ယနေ့နံနက်(၉)နာရီက မြစ်သားမြို့ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌  ကျင်းပသည်။
သရက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများနှင့် Call Centreဖွင့်လှစ်ထားရှိအား လိုက်လံကြည့်ရှု
Oct 12,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထား ကြေညာထားရှိမှုအား သရက်ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များက  အောက်တိုဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ကြေညာထားရှိမှုအား လိုက်လံကြည့်ရှုသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇) ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Oct 12,2025
တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇) ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို အောက်တိုဘာ၁၂ရက် နံနက် (၆) နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။