သတင်းများ

လှည်းကူးမြို့နယ်တွင် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အ.ထ.က (ရဲမွန်)တွင် ကျင်းပသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိူးမြင့် ဖလမ်းမြို့ အခြေခံပညာကျောင်းများနှင့် ကျောင်းကျန်းမာရေးဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Jul 15,2026
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၁၃ ရက်နေ့က ဖလမ်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် ကျောင်းကျန်းမာရေးဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆောင်ရွက်
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ အမှတ်(၉၀)ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော လူငယ် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယ၊ ဥာဏပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပသည်။
Polytechnic University Myeik တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး ဟောပြော
Jul 15,2026
တနင်္သာရီတိုင်းဒေသကြီး Polytechnic University Myeik တွင် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများအား ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်အတွက် အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြိတ်) မှ ဇူလိုင် (၁၃) ရက်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောသည်။
ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်
Jul 15,2026
မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားအားပြန်လည်ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှုလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ရာ ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အထူးကြပ် မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၉)ရပ်ကွက်၌ ရေစီးရေလာကောင်းမွန်ရေး စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးကော်မတီမှ မြို့နယ်အတွင်း အမှတ်(၄၉)ရပ်ကွက် အတွင်းရှိ ဘုရင့်နောင်လမ်းနှင့် ပုန်းညက်မြိုင်လမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်သည်။