လားရှိုးမြို့၌ အဆင့်မြင့်ပညာအဆင့် လူငယ်စကားဝိုင်း၊ စာအုပ်စာ‌စောင်၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

လားရှိုး ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် သူနာပြုသင်တန်း‌ကျောင်းတို့ပူးပေါင်း၍ သင်တန်းသား၊ သင်တန်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများမြှင့်တင်ရန်ရည်ရွယ်၍  အဆင့်မြင့်ပညာအဆင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက  သူနာပြုသင်တန်းကျောင်း(လားရှိုး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် သူနာပြုသင်တန်းကျောင်း(လားရှိုး)မှ ကျောင်းအုပ်စီမံ ဒေါ်နန်းခမ်းနွမ်းယုတို့က အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က အဆင့်မြင့်ပညာအဆင့် လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည့်ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က moderator အဖြစ်ဆောင်ရွက်ပြီး၊ သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ် သင်တန်းသား မောင်ထက်ငြိမ်းအောင်က “လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ AI"၊ သင်တန်းသူ မ‌ယမင်းနွယ်က  “လူငယ်နှင့် စိတ်ဓာတ်ခွန်အား"၊ သင်တန်းသူ မ‌လွေးသန့်‌ရွှေစင်က “လူငယ်နှင့် အလုပ်အကိုင်ရှားပါးမှုကို စိန်ခေါ်ခြင်း"၊ ပထမနှစ် သင်တန်းသူ မရတနာအောင်က “လူငယ်နှင့် လူရှေ့ထွက်ဖို့မကြောက်ပါနှင့်"၊ သင်တန်းသူ မ‌‌ဝင်းသီရိ‌အောင်က “သူနာပြုတစ်ယောက်အနေနဲ့ စာနာမှုနှင့် ကျွမ်းကျင်မှု ဘယ်အရာပိုအရေးကြီးသလဲ"၊ သင်တန်းသူ မနန်းချယ်ရီမိုးက “ရည်မှန်းချက်ရှိတဲ့လူငယ်နှင့် ရည်ရွယ်ချက်မရှိတဲ့လူငယ်"စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်‌ဖြေကြားဆွေးနွေးပေးခဲ့ကာ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိူးခရိုင်ရုံးမှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ ရသ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)