ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၂၅) အခြေခံပညာအထက်တန်း‌ကျောင်းခွဲသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း

ပြည်ကြီးတံခွန်  ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၅) အခြေခံပညာအထက်တန်း‌ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်အသစ်များ  အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင် နှစ်ပတ်လျှင်တစ်ကြိမ် အခမဲ့လှယ်လဲပေးသွားမည်ဖြစ်ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ယခင်အပတ်က ငှားရမ်း‌ပေးထား‌သော စာအုပ်များအား အပ်နှံစေ၍ စာအုပ်အသစ်များ တစ်ဦးလျှင် နှစ်အုပ်နှုန်းဖြင့် အခမဲ့ ငှားရမ်းပေးသည်။

ယင်းစာအုပ်စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)