ကျေးသီးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်ဖလား မိုးရာသီ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျေးသီး ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင်  မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ နေ့လည်()နာရီတွင် မြို့နယ်ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ အားကစားသစ္စာအဓိဠာန်ရွတ်ဆိုခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို အ..ကကျေးသီး ဘင်ခရာအဖွဲ့မှ  ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမွန်းအောင်က အားကစားသမားများကို  ရင်းရင်နှီးနှီးလိုက်လံကြည့်ရှုနှုတ်ဆက်ခဲ့သည်။ ပြိုင်ပွဲတွင် အသင်းဝင်ပေါင်း()သင်းရှိပြီး ပွဲစဉ်ကို ၁၃..၂၀၂၆ ရက်နေ့မှ ၂၃..၂၀၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)