သတင်းများ

သုံးခွမြို့နယ်၌ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်‌သော အနာဂတ်ပန်းခင်းများဆီသို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Oct 14,2021
သုံးခွမြို့နယ် အမှတ်(၄)ရပ်ကွက် ရှစ်မျက်နှာစေတီရှေ့တွင် အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ပြုလုပ်စိုက်ထူခဲ့ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်မှုဇုံပြင်ပ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် (တတိယနေ့) ဆက်လက် ထိုးနှံပေး
Oct 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမား များအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ဒုတိယအကြိမ် (တတိယနေ့) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ ကြိုတင်အသိပေးလိုသည့် အချက်များကို အသိပေးနှိုးဆော်
Oct 14,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ််အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်စေရေးနှင့် အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ ကြိုတင်အသိပေးလိုသည့် အချက်များအား ပြည်သူများအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ရည်ရွယ်၍
ကော့ကရိတ်မြို့၌ စာရေးဆရာ ဦးသောင်းငွေ၏ စာပေဗိမာန် စာမူဆုရ စာဖတ်လိုသော် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 14,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် စာဖတ် သည့်အလေ့အကျင့်များ ရရှိလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် လူငယ်များအဖွဲ့ Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ ဦးသောင်းငွေ၏ စာပေဗိမာန် စာမူဆုရ "စာဖတ်လိုသော်" စာအုပ်ဖြင့်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျိုင်းတုံခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ တက်ရောက်
Oct 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း ဒေသခံတိုင်းရင်းသားများအား  ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်က မြို့နယ်စည်ပင်သာယာခန်းမတွင်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်  တက်ရောက်သည်။
ဒလမြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ၍ လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 14,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြို့လယ်ကောင် နာရီစင် တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့၌ “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်
Oct 14,2021
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ပန်လုံမြို့၊ မြို့မဈေးနှင့် မုန်းကွန်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
ကျေးသီးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း
Oct 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက်ကျောင်းသား/သူ မ်ားအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။