ကော့ကရိတ် အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ််အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်စေရေးနှင့် အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ ကြိုတင်အသိပေးလိုသည့် အချက်များအား ပြည်သူများအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ကြိုတင် အသိပေး လိုသည့် အချက်များကို ယနေ့နံနက် ၁၁ နာရီ အချိန်က ကော့ကရိတ်မြို့ပေါ် ရပ်ကွက်ရှိ လမ်းဆုံလမ်းခွတို့တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ချက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနည်းလမ်းများ၊ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်း သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံနိုင်ရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည့် အချက်များ၊ အလယ်တန်း၊အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံခြင်းအတွက် မိဘများ၊ အုပ်ထိန်းသူများထံမှ သဘောတူ ခွင့်ပြုချက်ရယူနိုင်ရေး ကြိုတင် အသိပေးလိုသည့် အချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများတွင် စိတ်ချလုံခြုံစွာ ပညာသင်ယူခွင့် ရရှိမည်စသည့် အချက်များပါဝင်ကြောင်း သိရှိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)