လယ်ဝေးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Oct 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်း(ချောင်းမငယ်ချောင်း) ရေမြင့်တက်မှုကြောင့် ရေနောက်မျောပါ လူနေအိမ်များနှင့် ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းလူနေအိမ် အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ(၃)နာရီက ချောင်းမငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။