သုံးခွမြို့နယ်၌ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်‌သော အနာဂတ်ပန်းခင်းများဆီသို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

သုံးခွ အောက်တိုဘာ ၁၄

သုံးခွမြို့နယ် အမှတ်(၄)ရပ်ကွက် ရှစ်မျက်နှာစေတီရှေ့တွင် အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ပြုလုပ်စိုက်ထူခဲ့ကြသည်။

အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရာတွင် ကျောင်းနေအရွယ် က‌လေးတိုင်း ပျော်ရွှင် ကျန်းမာစွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့၊ ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံပေးခြင်း မပြု သည့် အသက်(၁၂) နှစ် မပြည့်သေးသူများ၊ လတ်တလော ဖျားနာနေသော ကျောင်းသား/ သူများ စသည့် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဖော်ပြပါရှိ သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊   စီမံအုပ်ချုပ် ရေး အဖွဲ့ဝင် ဗိုလ်မှူး သန့်ဇော်လင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်ဝင်းသန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းမြင့်၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်တင်တင်ထွေးနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အသိ ပညာပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြကြောင်း သိရသည်။

တင်တင်ထွေ