ပန်လုံမြို့၌ “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်

ပန်လုံ      အောက်တိုဘာ   ၁၄

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ပန်လုံမြို့၊ မြို့မဈေးနှင့် မုန်းကွန်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်လုံမြို့ရုံး ဦးစီးမှူး ဦးဆမ်ဆိုက်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်နှင့်အညီ ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်း (၄) ရပ် အကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ပန်လုံ ပြန်/ဆက်