သတင်းများ

စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၂)နှစ်အထက်ကျောင်းသား/ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးအသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်းဆောင်ရွက်
Oct 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက် ၁၂ နှစ် အထက်ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင် ရေး " ကာကွယ်ဆေး ဖြင့်လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ " အသိပညာပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အ-ထ-က(စဉ့်ကိုင်)၊ မြို့မစျေး ရှေ့၊ စဉ့်ကိုင်မီးပွိုင့်လမ်းဆုံ ဗိုလ်တေဇလမ်းနှင့် သံလမ်း လမ်းဆုံတို့တွင် စိုက်ထူဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မအူပင်မြို့တွင် အသက်အကြီးဆုံး အဘိုးအား ထောက်ပံ့ငွေပေးအပ်
Oct 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် (၁.၁၀.၂၀၂၁)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးဘိုးဘွားနေ့အား ဂုဏ်ပြုသောအားဖြင့် မအူပင်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနရုံးက အသက်အကြီးဆုံးအဘိုးအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်ရှိ အဘိုးအား အိမ်အရောက် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်း/ခရိုင် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Oct 14,2021
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ဌာနဆိုင်ရာများနှင့် ယမန်နေ့ နံနက်(၁၁)နာရီ က ကော့သောင်း ခရိုင်၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။
မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
Oct 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်း စိုပြည်ရေးတို့အတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများ လျာထားချက်ထက် ပိုမိုစိုက်ပျိုး နိုင်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို  ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Oct 14,2021
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး တွေ့ဆုံမေးမြန်းခြင်း
Oct 14,2021
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ သပိတ်ကျင်းမြို့နယ် အတွင်းရှိ အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင် ရေး ဆောင်ရွက် ထားရှိမှုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း အား ဖော်ပြပေးလိုက်ပါတယ်။
အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း ဆိုင်ရာများ အသိပေးဆောင်ရွက်
Oct 13,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ(၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာချက်များကို ယနေ့နံနက်က မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်း အပတ်စဉ်ဆောင်ရွက်
Oct 13,2021
တနင်္သာရီတိုင်းဒေသေကြီး၊ ကော့သောင်းခရိုင်၊ ခေမာက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရောဂါကြိုတင်ကာကွယ်ရေးများကို အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။