သတင်းများ

အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအလိုက် သတ်မှတ်ထားသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Oct 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်နှင့် အသက်(၅၅)အထက် ပြည်သူများနှင့် ဦးစားပေးအလိုက် သတ်မှတ်ထားသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလုပ်ငန်းကို ယနေ့နံနက်က နမ့်ပိန် ရပ်ကွက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုးအစား ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေး
Oct 02,2021
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁)ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။
သီပေါမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) စတင်လည်ပတ်လျက်ရှိ
Oct 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အောက်ဆီဂျင် အသုံးပြုနေရသူများ အတွက် အောက်ဆီဂျင်လိုအပ်မှု အခက်အခဲမရှိ လွယ်ကူ အဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် ပန်စောက်မိန်းကျေးရွာ၌ တည်ဆောက်တပ်ဆင်ထားရှိသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) အား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လည်ပတ်မောင်းနှင် လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်နေပြည်သူများအား တန်ဖိုးသင့်စာသုံးဆီများရောင်းချပေးလျက်ရှိ
Oct 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဦးဆောင်မှုဖြင့် တွံတေမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍တွံတေးမြို့နယ်တွင်ယနေ့နံနက်၉နာရီကအိုးဘိုအရှေ့ရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိရွှေညောင်ပင်လမ်းဆုံတွင်စားသုံးဆီလက်လီအရောင်းသယ်ယူပို့ဆောင်ရေးနှင့်ရောင်းချရေး ယာဉ်တော်ယာဉ်များ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန်နှင့် ဆီ၊ အသားများကိုဈေးနှုန်း သင့်တင့်စွာလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ကူးတံတားအမှတ်(၂) စီမံကိန်းဧရိယာတွင် ပါဝင်နေသည့် မြေယာပိုင်ရှင်များအား မြေယာ/သီးနှံ/အဆောက်အဦ ဒုတိယအရစ်အဖြစ် အပြီးသတ်လျော်ကြေးငွေများပေးအပ်
Oct 02,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တည်ဆောက်သွားမည့် ဧရာဝတီ မြစ်ကူး တံတားအမှတ်(၂)တံတားဧရိယာအတွင်း တံတားအူကြောင်းနှင့်မလွတ်ကင်းသည့် မြေယာ/ သီးနှံ/ အဆောက်အုံပိုင်ရှင်များအား ဒုတိယအရစ်အဖြစ် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်သည်။
ခရမ်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Oct 02,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ”ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသက်(၁၀) နှစ်ပြည့်ပြီး နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က ခရမ်းမြို့နယ်၊ ပုဂံတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ် အား/ကာသိပ္ပံကျောင်း မြေနေသတ်မှတ်နိုင်ရေး၊ အများပိုင်ဘိလပ်မြေစက်ရုံ တည်ထောင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်
Oct 02,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်း ဖွံ့ဖြိုး တိုးတက်လာစေရေးတို့အတွက် အောက်တိုဘာ ၁ ရက်တွင် ပြည်နယ်အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း မြေနေရာသတ်မှတ်နိုင်ရေး၊ အများပိုင် ဘိလပ်မြေစက်ရုံတည်ထောင်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 02,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။