တောင်ကုတ်မြို့နယ်၌ ဦးတည်အုပ်စုများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံ
Oct 02,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ စူပါမားကက်/စျေးဆိုင်ဝန်ထမ်းများအား ဒုတိအသုတ် ပထမအကြိမ်အဖြစ် ယနေ့ နံနက်၈ နာရီ ၃၀ အချိန်မှ ၁၂ နာရီအချိန်ထိ ၎င်းနေ့လည်၁ နာရီအချိန်မှ ညနေ ၄ နာရီ အချိန်ထိ တောင်ကုတ်မြို့နယ် ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရရှိသည်။