သတင်းများ

ရေစကြိုမြို့နယ်တွင် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါးသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Oct 01,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်  ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ထောက်ပံ့ ပစ္စည်းများကို အောက်စီဂျင်အခမဲ့ လူမှုကူညီရေးအသင်းမှ ရေစကြိုမြို့နယ်အတွင်း ရပ်ကွက်(၈)ခုရှိ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆင်းရဲ နွမ်းပါးသူများအား စက်တင်ဘာ ၃၀ရက် နံနက်၉နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာဦးစီးဌာနမှ  အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးသွားမည်
Oct 01,2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ များကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်အလမ်း များ ရရှိလာစေရန် ရည်ရွယ်၍ မကွေးတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အလယ် တန်း၊ အထက်တန်း ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ရာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်များထောက်ပံ့
Oct 01,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်များထောက်ပံ့ခြင်းကို   ယနေ့၊ နံနက်ပိုးက မြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနမှတစ်ဆင့်  ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက နေအိမ်များအရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 01,2021
ဧရာ၀တီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်တွင်(၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်နေ့အထိမ်းအမှတ်နေ့ဆွမ်းကပ်လှူခြင်းအခမ်းအနားကိုမြို့မရဲစခန်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
(၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား ပြုလုပ်
Oct 01,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့၌ (၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ခန်းမတွင် ယနေ့နံနက် (၅) နာရီက ပြုလုပ်သည်။
ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး
Oct 01,2021
ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နေ့လယ်(၁)နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက် ဂုံးလမ်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် Mask Campaign နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန် ခန့်က အိုးတန်းရပ်ကွက် ရန်ကုန် - ပြည်ကား လမ်းဘေးရှိ ရွှေဂျိုးဖြူခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။
ဘုတလင်မြို့နယ်တွင် တောင်သူ အသိပညာပေး သင်တန်းဖွင့်လှစ်
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တောင်သူ အသိပညာပေး သင်တန်းကို နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီးဌာန ဆိုင်ရာများ နှင့်သင်တန်း သားသင်တန်းသူ(၂၃)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။