ပုဏ္ဏားကျွန်း အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်များထောက်ပံ့ခြင်းကို ယနေ့၊ နံနက်ပိုးက မြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနမှတစ်ဆင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက နေအိမ်များအရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက မြို့ပေါ်(၄)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား(၈၀)ဦးတို့အား တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းစီဖြင့် (ဧပြီ၊ မေ၊ ဇွန်၊)လများအတွက် ငွေကျပ်သုံးသောင်းစီကို နေအိမ်များအရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွား(၆၆၈)ဦး အတွက် ငွေကျပ်(၂၀,၀၄၀,၀၀၀)ကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့်စာရေး ဝန်ထမ်းများက နေအိမ်များအရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)