လပွတ္တာ အောက်တိုဘာ ၁
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ်တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်နေ့အထိမ်းအမှတ် နေ့ဆွမ်းကပ်လှူ ခြင်းအခမ်းအနားကို မြို့မရဲစခန်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် တောရကျောင်းဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဆိုကြသည်။
ထို့နောက် ဆရာတော်များထံသို့ မြို့နယ်ရဲမှူးနှင့်ရဲ၀န်ထမ်းမိသားစုများက လှူဖွယ်ပစ္စည်းများနှင့်၀တ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့သည်။ တောရကျောင်းဆရာတော်ထံမှ ရေစက်ချတရား တော်များနာယူပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်