သတင်းများ

အင်းတော်မြို့၌ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အင်းတော်မြို့ သံဃာ့ဆေးရုံကြီးတွင် အောက်တိုဘာလ ၂ ရက်နေ့အထိ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေး
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခိုင် ၊ ယင်းမာပင်မြို့အတွက် (ဒုတိယအသုတ်) ပထမ အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) တစ်လုံးလျှင် (၅)ဦးနှုန်း ထိုးနှံပေးနိုင် သည့် ဆေးအလုံး (၁၀၀၀)၊ လူဦးရေ (၅၀၀၀)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်     ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဖားကန့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေထည့်ဝင်ပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်
Oct 01,2021
ကချင်ပြည်နယ်မိုးညှင်းခရိုင်ဖားကန့်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက်အလှူငွေထည့်ဝင်လှူဒါန်းခဲ့ကြသောအလှူရှင်များအားဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေး အသုံးပြုနည်းနှင့် မိုးစပါး မျိုးကွဲပယ်ခြင်း လုပ်ငန်းများ လက်တွေ့သရုပ်ပြသဆောင်ရွက်
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းသုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေး အသုံးပြုနည်းနှင့် မိုးစပါး မျိုးကွဲပယ်ခြင်း လုပ်ငန်းများ လက်တွေ့ကွင်းဆင်း သရုပ်ပြသခြင်းကို ယမန်နေ့က အင်းတော်မြို့နယ် အလယ်ဆိပ် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် စုပေါင်း၍ တောင်သူ ဦးဝင်းမောင်၏ ဆင်းဧကရီ (၃) Fs-Rs မျိုးစေ့ထုတ်စိုက်ကွက်အတွင်း လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် (၁၇)ရက်တာကာလအတွင်း ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၀၁၉၃)ဦးရှိ
Oct 01,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးသူ လျော့နည်းကျဆင်းလာသည်နှင့်အမျှ သေဆုံးမှုလျော့နည်းပပျောက်သွားစေရန်၊ ရောဂါပြန့်ပွားမှုကို တာဆီးထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ရှိပြည်သူများ ပူးပေါင်းပါဝင်လာခြင်းကြောင့် ဆေးထိုးစုရပ် (၁၅)နေရာတွင် (၁၇)ရက်တာ ကာလအတွင်းမှာ ပထမအကြိမ်ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၀၁၉၃)ဦးအထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 01,2021
 မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမ အကြိမ်အဖြစ် အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ နောင်းတိုင်၊ကွမ်းစိုက်၊ ပျော်ဘွယ်၊တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် နေ့စဉ်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
တနင်္သာရီတွင် ဩဂုတ်လ(၁ရက်မှ၁၃)အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးPositive Centre များ အတွင်းမှ ထိရှလွယ်အုပ်စုများအား ထောက်ပံ့ငွေ(၃၀၀၀၀) ကျပ်စီထောက်ပံ့ပေးအပ်
Oct 01,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရပ်ကွက်/ကျေးရွာများ၌ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁ရက်မှ၁၃ရက်)အထိ သတ်မှတ်ကာလအတွင်း ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိပြီး မြို့နယ်အတွင်းမှ Community Positive Centre နှင့် Treatment Centre များတွင် အသွားအလာကန့်သတ်၍ ဆေးဝါးကုသမှုခံယူကြသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅)နှစ်အောက် ကလေးငယ်များနှင့် အသက်(၆၀)နှစ်အထက် ထိရှလွယ်အသက်ကြီးရင့်သူများ၊မသန်စွမ်းသူများ စသဖြင့် ထိခိုက်ရှလွယ်အုပ်စုများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မြိတ်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ တစ်ဦးလျှင်ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် စီအား အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူး၊ဆယ်အိမ်မှူးများအဖွဲ့မှ ယမန်နေ့က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် အသက်(၂)လမှ (၁၈)လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Oct 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ အသက်(၂)လမှ (၁၈)လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန် က ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ(၁)နှင့်(၂) တို့တွင် စတင်ပြုလုပ် ဆောင်ရွက်ကြသည်။