သန်လျင်၌ အစိမ်းရောင်ကျေးလက် ဒေသဖွံ့ဖြိုးရေး (Green Growth) သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချ
Oct 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာ၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီက အဆိုပါ မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။